Friday, June 8, 2012

အမုန်းဖွဲတေး

Software တွေ အတွက် Serial ကို ဘယ်လို ရှာမှာလဲ?

ဆောပ်ဝဲလ်က ရှိပြီးတော့ ကီးက မရှိတော့ စိတ်ပျက်ဖို့တော်တော်ကောင်းတယ် ။ ရှိနေလျက်နဲ့ မသုံးရလို့ တော်တော်လေးကို စိတ်အိုက်တယ် ။ စိတ်ပိန်တယ် :D ဒါက ဟိုအစက သုံးနေကျ စကားတွေ ။ ပြီးတော့လည်း ခဏခဏလာမေးနေကျတယ် ... ဟိုဆောပ်ဝဲလ်ကီး ရှိလား ဒီဆောပ်ဝဲလ် ကီးရှိလားနဲ့ ဒီနည်းလေးကိုပဲ ပြောပြနေတာ ။ ခုတော့ မဖြစ်တော့ဘူး အများသိအောင် တင်မှ အေးမှာ ။ ဒါမှ သက်သာမယ်လေ :D

 ဒီနည်းလေးကို တွေ့တာတော့ ကြာပါပြီ ။ ရေးမယ် ရေးမယ် နဲ့မရေးဖြစ်တာပါ ။ သိပြီးသားစာဖတ်သူတွေလည်း များမှာပါ ။ မသိသေးတဲ့သူတွေကို ရည်ရွယ်ပြီးရေးတာပါဗျာ ။

ရှာချင်တယ် ဆိုရင်တော့....


ပထမဆုံး Google Home ကို အရင်သွားလိုက်ပါ ။ ပြီးရင် ဒီလိုမျိုးရိုက်ည့်ထားတာကို နမူနာယူပြီး မိမိရှာနေတဲ့ ဆောပ်ဝဲလ် အမည်ကို ရိုက်ထည့်လိုက်ရုံနဲ့ လိုချင်နေတဲ့ ကီးတွေကို လွယ်ကူစွာ ရရှိနိုင်မယ် ဖြစ်ပါတယ် ။

“photoshine″ 94FBR  ဒါက နမူနာ ။ photoshine အစား မိမိရှာနေတဲ့ ဆောပ်ဝဲလ်ကို ပြောင်းပြီး ရိုက်ထည့်လိုက်ရုံတင် ။

ဝက်ဆိုဒ်တစ်ခုလုံးကို ဒေါင်းလုပ်ချင်ပါသလား ?

အစက ကျွန်တော် ဝက်ဆိုဒ်တစ်ခုလုံးကို ဒေါင်းလုပ်ဖို့ ဆောပ်ဝဲလ် သုံးရပါသေးတယ် ။ ဒါပေမယ့် အဆင်မပြေလို့ လက်လျော့လိုက်တာ ခုထိ ။ စိတ်တိုင်းမကျလို့ပေါ့နော် ။ ဒါပေမယ့် ခုတွေ့တဲ့ နည်းလေးက မဆိုးပါဘူး ။ကျွန်တော်တို့ သုံးနေကျ ဆောပ်ဝဲလ်လေး ဖြစ်တဲ့ Internet Download Manager နဲ့သုံးတာပါ ။ မသိသေးတဲ့ သူတွေတွက်သာ ရည်ရွယ်ပါတယ် ။

 ကဲပထမဆုံး Internet Download Manager က Task >>>Run site grabber >>>ကို သွားလိုက်ပါဗျာ ။ပုံလေးတွေ လုပ်ထားပေးတယ် ။ ကြည့်လိုက်ပါဦး ။









အဲဒါပြီးရင်တော့ ရွေးစရာရှိတာ ရွေးရတော့မယ်......ဆိုဒ်နာမည်. လိပ်စာရယ်...လိပ်စာဆိုတာ URLကို ပြောတာနော် ။ ပြီးရင်တော့ The whole web site ကို ရွေးလိုက်ပါ ။ ပြီးရင် Next ပေါ့ ။

 ပြီးရင်တော့ ဆက်ရွေးရဦးမယ်.....ပုံပါတဲ့တိုင်းပဲ ရွေးပေးလိုက်ပါဗျာ ။ နောက်ပိုစ့်အသစ်တစ်ခုလည်း ရှိသေးတဲ့အတွက် အသေးစိတ်မရေးတော့ပါ ။လွယ်လည်း လွယ်နေပြီလေ ။

























































Android ဖုန်း မှာ မြန်မာ လက် ကွက်သုံး သူး များ အတွက် zawgyi ကွန်ပြူတာလက်ကွက် keyboard application

Android မှာ ကီးဘုတ်ကို ဇော်ဂျီလက်ကွက်အတိုင်း သုံးချင်တယ်ဆိုသူများအတွက် ရိုးရိုးကီးဘုတ်တစ်ခုဖြစ်ပါတယ်။ ကွန်ပြူတာမှာ သုံးနေတဲ့ ဇော်ဂျီလက်ကွက် နီးပါး တူအောင်လုပ်ထားပါတယ်။